မင်္ဂလာပေါင်းခါညောင်းတဲ့နေ့ဖြစ်ပါစေ.
ကျနော့် ဆိုဒ်ထဲမှာ တရားဟောချက်တွေအသစ်မတင်နိုင်လို့အထူးတောင်းပန်ပါတယ်။
ဒီကနေ့မှာတော့ ကျနော်တို့အားလုံးရဲ့အသက်တာမှာတကယ်အရေးကြီးတဲ့အရာတစ်ခုကို အတူတကွခွန်အားယူရအောင်။ သမ္မာကျမ်းစာထဲမှာဘုရားသခင်သုံးတဲ့လူတိုင်းဟာတကယ်ကိုအရေးပါတဲ့လူတွေဖြစ်ကြောင်း
ကိုနှုတ်ကပတ်တော်မှာမကြာခဏတော်တော်များများလေးမြင်ဖူးကြားဖူးကြမှာဘာ…
အဲဒီတော့…ကျနော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နှုတ်ကပတ်တော်ကိုမဝေငှခင် အခုတလော… ကျနော်ဆင်ခြင်မိနေတဲ့အရာတစ်ခုရှိတယ်..ဘာဆင်ခြင်မိနေလည်းဆိုတော့ ”‘ဘုရားသုံးတဲ့လူတိုင်းဟာအမှားနဲ့မကင်းဘူး”ဆိုတာကိုဆင်ခြင်မိတယ်..
နှုတ်ကပတ်တော်ကိုခဏဖတ်ရအောင် ဓမ္မရာဇဝင်ဒုတိယ ၁၁း၂-၅ ထိုမိန်းမကားအဘယ်သူနည်းဟုစေလွှတ်၍မေးမြန်းလျှင်၊ဧလျံသမီး၊ဟိတ္တိလူဥရိယ၏မယားဗာသရှေဘဖြစ်ပါ သည်ဟုလျှောက်လေ၏။တဖန်လူကိုစေလွှတ်သဖြင့်ထိုမိန်းမကိုအထံတော်သို့ခေါ်ခဲ့၍ရှက်တင်လေ၏။ ဒါဝိဒ်ဟာဘုရားသခင်တော်တော်ကြီးကိုအသုံးပြုသွားတဲ့လူတစ်ယောက်ဖြစ်တယ်။ အဲဒီတော့နှုတ်ကပတ်တော်ကိုဖတ်တဲ့အခါမှာတပါးသူရဲ့မယားနဲ့ပြစ်မှားတာကိုတွေ့ရတယ်။ ဒီကြောင်းအရာနဲ့ပတ်သက်ပြီး။ ဒီကနေ့ကျနော်တို့တွေဘာကိုဆင်ခြင်မလဲ..ဘယ်အရာကိုခွန်အားယူမလဲ၊ ဟား…. ဒါဝိဒ်ကဘုရားရဲ့လူဖြစ်ရဲ့သားနဲ့ဘာလို့ဒီလိုလုပ်တာလည်း … ဘုရားလူအစစ်မဟုတ်လို့ထင်တယ် စာတန်ကသုံးနေတာဖြစ်မယ်လို့ ကျနော်တို့တွေထင်တတ်ကြတယ်။ အဲဒီတော့ ကျနော်တို့တွေအနေနဲ့ဒီမေးခွန်းကိုမထုတ်ခင်မိမိကိုယ်ကိုယ်မိမိပြန်စဉ်းစားကြည့်ရအောင် ကျနော်တို့ရဲ့အသက်တာမှာရောအမှားနဲ့ကင်းလား။အမှားဖြူစင်စွာနဲ့အသက်ရှင်နိုင်လားဆိုပြီး
စဉ်းစားကြည့်ရ အောင် ကျနော်တို့တွေရဲ့ရှေ့မှောက် ၊လက်ရှိအခြေအနေမှာရှိနေကြတဲ့ အမှုတော်ဆောင်တယောက်ယောက် အမှားလုပ်မိရင်။ တစ်ခုခု အမည်းစက်ရှိသွားရင် ကျနော်တို့တွေက ဘယ်လိုသူတပါးကိုသက်မှတ်လည်းဆိုတော့ ဒီလူကဘုရားလူမဟုတ်ဘူးလို့သတ်မှတ်ကြတယ်။ အဲတော့ကျနော်တို့တွေက သူတပါးရဲ့အကြောင်းအရာတွေကိုတော်တော်ပြောတတ်ကြတယ်။ ဟုတ်ပြီ ဒီလိုအမေးတွေကိုမလုပ်ခင်ကျနော်တို့ရဲ့အသက်တာမှာရောအမှားနဲ့ကင်းလား၊အမည်းစက်ကင်းစွာနဲ့
ရောအသက်ရှင်နေလားဆိုတာကိုစဉ်းစားကြည့်ရအောင်ဗျား. ဒီအကြောင်းအရာအားဖြင့်ကျနော်တို့ ဘာတွေဆင်ခြင်မိလည်း ဘာတွေကိုဘုရားသခင်စကားပြောနေလဲ ချစ်သောညီကိုမောင်နှမတို့ ကျနော်ဒီနေရာမှာခွန်အားပေးခြင်တယ်…တစ်နည်းအားဖြင့် နားလည်သဘောပေါက်ခိုင်းစေချင်တယ်….ဘုရားသုံးတဲ့လူတိုင်းကလည်းအမှာနဲ့မကင်းဘူး ။ ကျနော်ဒီလိုပြောလိုက်လို့ အမြဲတမ်းမှားရမယ်လို့ပြောနေတာမဟုတ်ဘူး. ဘုရားလူဆိုရင်အမှားလုပ်လို့ရတယ်လို့ပြောတာတော့မဟုတ်ဘူး။ တကယ်တော့ဘုရားသခင်ရဲ့အကြံအစည်တော်က ကျနော်တို့တွေရဲ့အမှားတွေ လုပ်မိတဲ့အထဲကနေ တစ်နည်းအားဖြင့် အားနည်းချက်တွေကို အားသာချက်ဖြစ်လာအောင်ဘုရားသခင်အလိုရှိနေတာဖြစ်တယ် ရှင်ပေါလုကငါသည်ခပ်သိမ်းသောအရာကိုခရစ်တော်အားဖြင့်လုပ်နိုင်တယ်လို့ပြောတယ်။ အမြဲတမ်းမှားလို့ရတယ်လို့ပြောနေတာမဟုတ်ဘူး။အဲဒီလိုအားသာချက်ဖြစ်လာတဲ့အခါမှာဘုရားဘုန်းတော် ကိုထင်ရှားပြီးအလင်းဖြစ်ဖို့ဘုရားသခင်အလိုရှိနေကြောင်းကို နှုတ်ကပတ်တော်အားဖြင့်ဘုရားသခင် ကောင်းကြီးပေးပါစေ ။ ညီကိုမောင်နှမ ရဲ့အသက်တာကိုဘုရားသခင် ပဲ့ကိုင် ပါစေ လို့ဝေငှရင်းနဲ့ နိဂုံးချုပ်ပါတယ်. (ခရစ်တော်နာမ၌)

0 comments:
Post a Comment
ဖတ်ပြီးရင်အကြံပေးခဲ့ပါနော်....