ဒီလဟာဆိုရင်ခရစ်မတ်လဆိုတော့
အာလုံးပဲပျော်ရွှင်နိုင်ကြပါစေလို့ကျနော်အနေနဲ့နှုတ်ခွန်းချွေအပ်ပါတယ်ဗျား။
ဒီနေ့မှာတော့ချစ်သောညီကိုမောင်နှမအပေါင်းတို့ကိုခရစ်မတ်နဲ့ပတ်သက်ပြီးတော့ကျနော်တို့ရဲ့ခံယူမှု တွေ၊ယုံကြည်မှုတွေ၊ကျနော်တို့နားလည်ထားတဲ့အရာတွေလုပ်လေ့လုပ်ထားရှိတဲ့အရာတွေကိုသမ္မာ ကျမ်းစာအားဖြင့် လေ့လာကြည့်ရအောင်။ ရှင်လုကာခရစ်ဝင် ၂း ၈ - ၁ဝ
ဒီ...အဖြစ်အပျက်မှာသခင်ယေရှုခရစ်တောဟာလူ့ဇာတိကိုခံယူပြီ၊မွေးဖွားလာတဲ့အကြောင်းအရင်းပေါ့ဗျား ။အဲတော့ကျနော်အနေနဲ့ဒီအကြောင်းအရာကိုမဝေငခင် - ရှင်လုကာ ၂း ၈- ၉ ကိုအတူတကွဖတ်ရအောင်…
ထိုပြည်မှာသိုးထိန်းတို့သည်ညအခါအရပ်၌တည်းခိုးလျက်၊မိမိသိုးစုကိုစောင့်နေကြသည်ဖြစ်၍၊ထာဝရဘုရား၏ကောင်းကင်တမန်သည်သူတို့အနားမှာပေါ်လာ၍၊ပတ်ဝန်းကျင်၌ထာဝရဘုရား၏ဘုန်းတော်သည်ထွန်းတောက်သဖြင့်၊သူတို့သည်အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။
ဒီအဖြစ်အပျက်မှာကောင်းကင်တမန်တွေကသိုးထိန်းတွေမှာလာရောက်တဲ့အကြောင်းပေါ့ဗျား။သိုးထိန်တွေက ကြောက်ရွံ့ကြတယ်။ ဒီကနေ့မှာရောခရစ်မတ်လဆိုရင်မယုံကြည်သူတွေကအရန်းကြောက်ကြတယ်၊သူတို့ကပြောတယ်ခရစ်မတ်လဆိုရင်ကြောက်တယ်၊ငွေကုန်ပေါက်များတယ်လို့ပြောတယ်။အဲဒီတော့ကျနော်ဒီနေရာမှာဘာကိုပြောချင်နေလဲဆိုတာကိုမိတ်ဆွေနားလည်မယ်လို့ထင်ပါတယ်။ ရှင်လုကာ ၂း ၁၀ ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်။လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကိုငါသည်သင်တို့အားပြောရ၏။ သမ္မာကျမ်းစာကပြောတဲ့အခါလူတွေဝမ်းဖို့အတွက်ကြားပြော၏လို့ပြောတယ် အဲတော့ခရစ်မတ်လဆိုရင်ဘာလို့လူတွေကကြောက်နေကြလည်းဗျား။ ကောင်းကင်တမန်ကသိုးထိန်းတွေကိုလာပြောကြားတဲ့အခါသူတို့တွေလက်ဆောင်တွေလိုက်တောင်းလား၊စာအိပ်တွေ၊တောင်လားဗျား ။ အဲဒါဆိုဘာလို့ခရစ်မတ်ဆိုရင် စာအိပ်တောင်းရတာနဲ့၊အလူငွေတွေတောင်လိုက်ပတ်တောင်းရတာနဲ့ဗျား။ဒီကနေ့ကျနော်တို့အများ အားဖြင့်ထင်တယ် ခရစ်မတ်ဆိုရင်အသင်းတော်တွေအတွက်(ရန်ပိုငွေ)တွေရှာမယ်လို့ပြောတယ်ဗျား။ ခရစ်မတ်ကိုအကြောင်းပြပြီတော့ဗျား။ထည့်ပြီးပြောမှပြည့်စုံမယ်ထင်တယ်ခွက်မပါတာတမယ်ထဲပေါ့ ဗျား။ဘုန်းတော်မထင်ရှားဘဲ၊ရှုံချစရာတွေဖြစ်နေတယ်……အဲ့ဒါပြဿနာဘဲ? လောကကြီးကိုသခင်ခရစ်တော်ကြွလာတာဟာလူသားအားလုံးငြိမ်သက်ခြင်းရဖို့ဖြစ်တယ်။ခရစ်တော် ရဲ့ဘုန်းတော်ထင်ရှားနေလားဆိုတာကိုလေ့လာဖို့ဖြစ်တယ်။သခင်ခရစ်တော်ကြွလာတာကမငြိမ်သက် ခြင်းရှိဖို့မဟုတ်ဘူး။လူတွေရှုံချစရာဖြစ်သွားဖို့အတွက်လာတာမဟုတ်ဘူး။ခရစ်မတ်ရဲ့အဓိကအနှစ်သာရကခင်းဗျားတို့ရဲ့နှလုံးသားထဲမှာခရစ်တော်ကိုမွေးဖွားခွင့်ပေးတာဟာခရစ်မတ်ဖြစ်တယ်။ခရစ်မတ်လ မှာဘဲမဟုတ်ဘဲနေ့တိုင်းမှာခရစ်တော်ကိုမွေးဖွားခြင်းသည်စစ်မှန်သောခရစ်မတ်ဖြစ်ကြောင်းကိုဝေင လိုက်ပါတယ်။ဘုရားဘုန်းတော်ထင်ရှားတော်ခရစ်မတ်ဖြစ်ပါစေ။ ချစ်ခြင်းမေတ္တာအားဖြင့်

0 comments:
Post a Comment
ဖတ်ပြီးရင်အကြံပေးခဲ့ပါနော်....