Friday, 9 November 2012
Eagle
ဟေရှာယ ၄၀. ၃၁ ဒုတိယစာကြောင်း အစမှာရှိတဲ့ ရွှေလင်းတ
အကြောင်းဖြစ်ပါတယ်။
ခုနောက်ပိုင်းမှာ သီချင်းရေးတဲ့သူတွေ သာမက ဘာသာပြန်တဲ့
သူတွေပါ ရွှေလင်းတကို ရွှေလင်းယုန်လို့ ပြန်ကြတယ်။ ဒါပေမယ့်
ကျွန်တော်ကတော့ ဆရာယုဒသန်သုံးတဲ့ ရွှေလင်းတ ဆိုတာကို
အကြိုက်ဆုံးပဲ။
အဲဒီ ရွှေလင်းတ က ကျီးကန်း၊ ကျီးအ၊ လဒ (လင်းတ)၊ တို့နဲ့
လိုင်းတူတယ်။ ဒီ ဟေရှာယ မှာ ဟေဗြဲလို သုံးထားတာက နားရှား ( (נשר
လို့ အသံထွက်တယ်။ အဓိပ္ပါယ်က နှုတ်သီးဖြင့် ထိုးဆိတ်တတ်သော လို့
နာမ၀ိသေသန ဆန်ဆန် ဘာသာပြန်ရမလားမသိဘူး။ ကျီးကန်းတို့၊
ကျီးအတို့၊ လဒတို့လည်း နှုတ်သီးရှည်ကြီးတွေရှိတယ်လေ။ ဒါပေမယ့် ဒီမှာ
အနီးစပ်ဆုံး ပြန်ဖို့ ဖြစ်နိုင်တာက အနောက်တိုင်း အတွေးနဲ့ဆိုရင် Eagle ပါ။
Eagle မှာတောင် အမျိုးအစားပေါင်း ၃၂၀၀၀ ကျော်ရှိတယ်ဆိုပဲ။ မြန်မာ
ပြည်မှာ တကယ့်သူ့ကျမ်းပိုဒ်က ဆိုလိုတဲ့ အကောင် မရှိတဲ့အတွက်
ရွှေလင်းတလို့ ဘာသာပြန်တာ အတော်လေး လှပါတယ်။ ကုသိုလ်နဲ့
တွဲတာ အကုသိုလ်၊ မင်္ဂလာနဲ့ တွဲတာ အမင်္ဂလာ၊ လင်းတနဲ့ တွဲတာ
ရွှေလင်းတ အတော်လှပါပေသည်။
azmufxGufjcif;
&Nr J &aewJh tajzukdy J &NrJ & aevdrfhr,f 114
ဒီရွှေလင်းတက ရွှေလင်းတပါ။ ကျီးအ၊ ကျီးကန်း၊ လဒ၊
အဲဒီအကောင်တွေအပြင် တစ်ခြားအကောင်လည်း မဟုတ်ပါဘူး။
ပြောချင်တာက၊ သိမ်းငှက်တို့၊ လင်းယုန်တို့လည်း မဟုတ်နိုင်ဘူး။ အဲဒီ
အရှေ့အလယ်ပိုင်းက အကောင်က
ရွှေလင်းတပါ။ ရွှေလင်းတက
ရွှေလင်းတပါပဲ။
ရွှေလင်းတတွေက သစ္စာကြီးတယ်။ တစ်သက်မှာ တစ်ကောင်ပဲ
ချစ်သွားကြတယ်။ ပြီးတော့ တစ်ကြိမ်မှာ ကလေး တစ် ခါပဲ မွေးတယ်။
(နောက်ပိုင်း ၃ ကောင်ထိ မွေးတယ်လို့ သိရ)။
ပုံစံ
သူတို့ ရဲ့ ပုံစံကတော့၊ အထီးအမ မသဲကွဲဘူးတဲ့။
အမွှေးထူထူကြီးနဲ့ ဖုံးထားလို့။ နှုတ်သီးကတော့ မည်းညိုရောင်၊
အသက်ကြီးတဲ့အကောင်ကတော့ ဖြူတဲ့ အမြီးနဲ့ ဖြူရော်ရော်ခေါင်းရှိတယ်။
ခြေသည်းတွေကတော့ ၀ါနေတတ်တယ်။ သူတို့ခြေသည်းက
ကုတ်လိုက်ပြီဆို ချွတ်ဖို့ခက်တဲ့ ငါးမျှားချိတ်တွေလိုပဲ။ အသက်ကြီးလေ
အရောင်တောက်လေလို့ ပြောလို့ရတယ်။
အရွယ်အစား
အထီးအမအလိုက် ကွဲပြားခြားနားကြပါတယ်။
အမတွေက အထီးထက် ၁၁% ကြီးပြီးတော့၊ ၄၃ %
လေးကြတယ်။
အထီးက ၃ ပိဿာလောက်ရှိမယ်ဆိုရင် အမက ၃ ပိဿာခွဲကနေ
၎ ပိဿာထိ ရှိနေနိုင်ပါတယ်။
115 vkyfNr J vkyfaewJh tvkyfu kd vkyfNr J vky f ae&if
အတောင်ပံမှာတော့ အမတွေက အထီးတွေထက် ၁ ပေ
ပိုရှည်ကြတယ်။ အထီးက ၆.၅ ပေရှိမယ်ဆိုရင် ၇.၅ ကနေ ၈
ပေထိတောင် ရှိနေတတ်တယ်တယ်။
ဒီရွှေလင်းတမှာတော့ အထီးထက် အမက ပိုပါဝါ ပြင်းပါတယ်။
တစ်ချို့ Feminist တွေ debate လုပ်တဲ့အခါ eagle အကြောင်းကို float
လုပ်ပြီး ဘုရားလည်း မိန်းမတွေကို မျက်နှာပေးတယ်လို့ ပြောကြတယ်။
အစားအသောက်
သူတို့က အစားအသောက်ရွေးတယ်။ အပုတ်အပွလုံးဝမစားဘူး၊
အသေကောင်မစားဘူး။
တာဝန်
အဖေက ဘာလုပ်လဲတော့မသိဘူး အမေကတော့
သူတို့ကလေးတွေကို တိုက်နည်းခိုက်နည်း၊ ပျံနည်း သန်းနည်းတွေ
သင်ပေးတယ်။
သက်တန်း
သက်တန်းအရှည်ဆုံး အကောင်ထဲမှာသူတို့လည်းပါတယ်။ ၇၀-
၈၀ ထိတောင် ရှင်တယ်တဲ့။ မသေမချင်း အသက်ရှင်ကြပါတယ်။
အသိုက်
သူတို့အသိုက်ကို ဆူးပင်တွေနဲ့ဆောက်ပါတယ်။
သူတို့ရဲ့ကလေးက အတော်ကို ရင်နာရပါတယ်။ တစ်ခါတစ်ခါ
သွေးတွေလည်းထွက်မပေါ့။
ကြီးလာတဲ့အခါ ပျံနည်းကို အမေကသင်ပေးတယ်။
တိုက်နည်းခိုက်နည်း သင်ပေးတယ်။ အစာရှာတာကို
azmufxGufjcif;
&Nr J &aewJh tajzukdy J &Nr J & aevdrfhr,f 116
အဖေကသင်ပေးတယ်။ ဟိုးအမြင့်ဆုံးကနေ ပစ်ချတယ်။ မပျံတတ်
သေးဘဲနဲ့ အောက်ကိုစိုက်ကျပြီဆိုရင် မြေကြီးနဲ့ ထိခါနီးနီးမှာ ပြန်
ဆည်ယူခြင်းကို ခံရပါတယ်။ ကလေးကြီးလာလို့ အရွယ်ရောက်ပြီဆိုရင်
သူ့ဘာသာသူအစာရှာထွက်တယ်။ အဲဒီမှာမြွေနဲ့ (မြွေဟောက်ပဲ
ထားပါတော့) တွေ့ပြီဆိုပါစို့။ သူက သိပ်မကျွမ်သေးဘူးပေါ့။ အဲဒီမှာ မြွေက
လှမ်းပေါက်လိုက်တယ်။ သူ့ကို ထိသွားတယ်။ ဒါပေမယ့် မြွေရဲ့
အစွယ်တွေက ငယ်ငယ်က သူ့အသိုက်က ဆူးတွေ လောက်တောင်
မရှိဘူးဆိုတာ သိလာရတော့ သူ့မိဘတွေကို အထူးကျေးဇူးတင်
မိတယ်ပေါ့လေ။
အခြားသော ထူးခြားချက်များ
သူ့မျက်လုံးက ပေ ၆၀၀၀ အကွာမှာရှိတဲ့ ရေထဲက ငါးကိုတောင်
မြင်နိုင်တယ်။ ပြီးတော့ မရပ်မနားဘဲနဲ့ အတောင်ပံခတ်စရာ၊ အားကုန်စရာ
မလိုဘဲနဲ့ တစ်နေကုန်တစ်နေခန်း ကြိုက်သလောက် လေဟုန်စီးပြီး
ဝဲပျံနေနိုင်တယ်။ သူ့နူတ်သီးက သံလိုမျိုးပဲ။ သူ့အတောင်ပံတွေက
အတော်ထူတယ်။ ၂ ထပ်ရှိတယ်။ အတိုချုံးအနေနဲ့
ထပ်ပြောချင်တာကတော့ မသေမချင်း အသက်ရှင်တယ်။ ပျံတာ
အရမ်းမြန်တယ်။ တစ်နာရီကို ဘယ်နှစ်မိုင်လဲမသိဘူး ပျံနိုင်တယ်။ တရုတ်
သိုင်းကားတွေထဲဆို သိုင်းတောင်တတ်တယ်တဲ့။ ပုံပြင်လေး တစ်ပုဒ်
ဖျတ်ပြီး ပြောပြချင်ပါတယ်။ ကြက်မဟုတ်ဘူးဆိုတဲ့ ပုံပြင်လေးပါ။
ဟိုးရှေးရှေးတုန်းက ရွှေလင်းတ မိသားစုရှိတယ်။ တစ်နေ့တော့
Nargis (နာဂစ်) နဲ့ Giri (ဂီရိ) မုန်တိုင်းတွေ ပေါင်းပြီး ၀င်တွယ်တော့
အသိုက်ပျတ်သွားတယ်။ ရွှေလင်းတ သားလေးက မိဘတွေနဲ့ ဝေးသွားပြီး
မြေပြင်မှာရှိတဲ့ ကြက်မိသားစုဆီရောက်သွားရော။
117 vkyfNr J vkyfaewJh tvkyfu kd vkyfNr J vky f ae&if
တစ်နေ့တစ်ခြားသူက ကြီးလာတယ်။ သူ့အပေါင်းအသင်းတွေက
ဟို ရုပ်ဆိုးကြီးနဲ့မပေါင်းနဲ့၊ သူ့ကို မခေါ်နဲ့လို့ အမြဲ အပယ်ခံရတယ်။
သူ့ကိုသူကြည့်ပြီး “အင်း လေ ငါ့နှုတ်သီးကလည်း တစ်နေ့တခြား
ကြီးလာတယ်။ အတောင်ပံကလည်း ကလန်ကလားကြီး” ဆိုပြီး ရေလည်
စိတ်ပိန်လာတယ်။
တစ်နေ့၊ ရွှေလင်းတ တစ်ကောင် အစာရှာထွက်တော့
ကြက်မိသားစုထဲက တစ်ကောင်ကို ၀င်အုပ်ထည့်လိုက်တယ်။ ပါလာတော့
စောစောက ရွှေလင်းတလေး ပါလာရော။ ရွှေလင်းတကြီးက “ဟ
ဘယ်လိုလို့ မင်းကဒီ ကြက်မိသားစုထဲ ရောက်နေတာလဲကွ”
ကျွန်တော်က ကြက်မို့လို့ပါ
ဟ မင်းက ကြက်မဟုတ်ဘူး ကွ ရွှေလင်းတ၊ ငှက်ဘုရင်
ရွှေလင်းတကွ
ဟာ ဦးက လျှောက်ပြောနေပြီ ကျွန်တော်က အမေ့ဆီကနေ
ကြီးလာတာ နေလာတာ အတော်ကြာပြီ ခုထိ ဒီ ကြက်
သူငယ်ချင်းတွေနဲ့ပဲဗျ ။
ဘယ်သူတုန်းမင်းအမေက
ဟို ကြက်မကြီးလေ
ရွှေလင်းတကြီး နည်းနည်းညစ်သွားတယ်။ စဉ်စားရင်းနဲ့
အကြံတစ်ခုရလိုက်တယ်။
ကဲ မင်းကြည့် ငါ့အတောင်ပံနဲ့ မင်းအတောင်ပံ၊
အကြီးအသေးကွာရင် ကွာမယ် စတိုင်ကတော့ တစ်လိုင်းတည်းကွ။
ငါ့နှုတ်သီးနဲ့ မင်းနှုတ်သီး၊ ငါ့ ခြေသည်းနဲ့ မင်းခြေသည်းတွေ့လား၊
မင်းစဉ်းစားကြည့်ပါဦးကွာ။
azmufxGufjcif;
&Nr J &aewJh tajzukdy J &Nr J & aevdrfhr,f 118
ရွှေလင်းတလေး နည်းနည်း နဝေတိန်တောင်ဖြစ်သွားတယ်။ မေးခွန်းတွေ
လည်း ဖြစ်လာတယ်ဒါနဲ့ ရွှေလင်းတကြီးကို မေးခွန်း မေးလိုက်တယ်။
ဦးဦးကော ကြက်လားဟင်
ငါ့ ခွီးထဲမှပဲ။ ကြက်မဟုတ်ဘူးကွ၊ ရွှေလင်းတကွ
ရွှေလင်းတ။ ကြက်တွေက အမြင့်ကြီးမပျံနိုင်ဘူး ငါတို့ ပြန်နိုင်တယ်။
ပြောပြောဆိုဆို ရွှေလင်းတလေးကို ချီပြီးဟိုး အပေါ်ကနေပစ်ချပါတယ်။
ဟေ့ကောင်၊ မင်းအတောင်ပံ ဖြန့်လိုက်၊ ဖြန့်လိုက်။
မရဘူး၊ ကျွန်တော်က ကြက်ပါ၊ ပျံနိုင်မှာမဟုတ်ဘူး။
မြေကြီးနဲ့ ထိခါနီးလောက်ဆို ရွှေလင်းတကြီးက ပြန်ပြန်ချီရတယ်။
ခဏခဏပေါ့ ရွှေလင်းတလေး မပျံနိုင်မချင်းပေါ့။
မင်း မကြောက်နဲ့သိလား အတောင်ပံလေး ဖြန့်လိုက်ရုံပဲသိလား။
အဲဒါနဲ့ ဒိထက် ပိုမြင့်တဲ့နေရာကနေ ပြန်ချလိုက်ပါတယ်။ ရွှေလင်းတ
လေးလည်း ကြောက်နေတုန်းပဲ။ ဒါပေမယ့် မျက်စိစုံမှိတ်ရင်းနဲ့ အတောင်ကို
ဖြန့်လိုက်တာနဲ့ကို လေဟုန်မှာဝဲနေတော့ပါတယ်။ သူ အရမ်းကို
ပျော်သွားတယ်။ ရွှေလင်းတကြီးလည်း အတော်ကို ကျေနပ်တယ်။
ကဲ ငါမင်းကို မပြောဘူးလား
ရွှေလင်းတလေး ရေလည်မာန်တက်ပြီး မေးလိုက်တယ်။
“ဦးဦး ကျွန်တော်တို့က အမြင့်ကြီး ပျံတတ်တဲ့ ကြက်လားဟင်” တဲ့
ဒီလိုပါပဲ ကျွန်တော်တို့ဘ၀မှာ လုပ်လိုက်ရင် ဖြစ်ပေမယ့်၊
မလုပ်ရဲတာလေးတွေ ဖြစ်တတ်ပါတယ်။ ဒီရွှေလင်းတ လေးလိုပေါ့လေ။
ရွှေလင်းတ အကြောင်းပြန်ဆက်ချင်ပါတယ်။
119 vkyfNr J vkyfaewJh tvkyfukd vkyfNr J vky f ae&if
ဟေရှာယ ၄၀.၂၈-၃၁ ကို လုပ်ချင်ပေမယ့် ရှည်နေမှာစိုးလို့ ၃၁ ရဲ့
စာကြောင်း ၂ ကြောင်းဖြစ်တဲ့-
ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊
အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို
အသစ်ပြုပြင်ကြလိမ့်မည်။
ဆိုတာလေးကို တင်ပြချင်ပါတယ်။
ရွှေလင်းတတွေက အသက်ရှည်ပါတယ်။
အမြင့်ကြီးလည်းပျံတယ်။ သူ့ပါဝါတွေကို မပြောတော့ပါဘူး။
ပါဝါကြီးတယ်ဆိုပေမယ့် သူခံရတဲ့ ဒဏ်ရာကအတော်ကိုမလွယ်ဘူး။
အသက် ၇၀ အရွယ်လောက်မှာ အတော်ကို ခက်တဲ့ ဆုံးဖြတ်ချက်ကို
သူရွေးရတယ်။
၁။ သူအသေခံမလား
၂။ ဘ၀သစ်ပြန်စမလားပေါ့။
ဒီပုံက အသက်ကြီးတဲ့ အကောင်ပေါ့။
သူတို့က အသက်ကြီးလာလေလေ
အရောင်တောက်လေလေ၊ လှလေလေ၊ စွမ်းအားကြီးလေလေ
ဖြစ်လာပေမယ့် အဲဒီအတွက် ရင်းရတာ မလွယ်ဘူး။ သူတို့ ၆၀
ဝန်းကျင်ရောက်တော့ သိပ်မြန်မြန် မပျံနိုင်တော့ဘူး။ မျက်စိကလည်း
ဝါးတားတားဖြစ်မှာပေါ့။ နှုတ်သီးကလည်း
ကွေးနေပြီ (ပုံထဲကလို)။ အတောင်တွေကလည်း
သူ့အတွက်လေးနေပြီ။ ခြေသည်းတွေကလည်း
တုံးနေပြီပေါ့လေ။
အဲဒီမှာ သူဒီအတိုင်းနေပြီးသေမလား။ သူတို့ဒီအတိုင်းမနေပါဘူး။
အမြင့်ဆုံးတောင် သူတို့ ပတ်ဝန်းကျင်မှာရှိတဲ့ အမြင့်ဆုံးတောင်ကို
azmufxGufjcif;
&Nr J &aewJh tajzukdy J &Nr J & aevdrfhr,f 120
ရှာကြပါတယ်။ ဘယ်သူမှ အန္တာရယ်မပေးနိုင်တဲ့ နေရာကိုရောက်ရင်။ သူတို့
ရဲ့ အတောင်တွေကို ကျောက်နံရံနဲ့ ရိုက်စောင့်ပါတယ်။
ချိုးပစ်လိုက်ပါတယ်။ သူ့ ခြေသည်းတွေကိုလည်း ရိုက်ချိုးပါတယ်။ ပြီးတော့
သူ့ နှုတ်သီးကိုလည်း ကျွတ်ထွက်သွားအောင် လုပ်ပါတယ်။ အတော်ကို
နာမယ့်ဖြစ်အင်ပါ။ သူတကယ့်ကို ကိုယ်တုံးလုံးလိုဖြစ်သွားပြီ
အတောင်တွေကလည်း ကျွတ်တယ်ဆိုတော့ သွေးတွေထွက်မယ်။
စောစောက မြွေပေါက်ရင်တောင် ဘာမှမဖြစ်တဲ့ အကောင်က
ပုရွက်ဆိတ်ကလေး ကိုက်လိုက်ရင်တောင် အတော်ကို မလွယ်ဘူး။
ဒီအချိန်က ဘ၀ရဲ့ အဆိုးရွားဆုံး အချိန်ပေါ့။
အစာလည်း မရှာနိုင်ဘူး။ အစာလည်းမရှိဘူး ရေလည်းငတ်မယ်။
ဘယ်လိုအသက်ဆက်ရှင်မလဲ။ သူက မိုးလင်းတာနဲ့ကို ထွက်လာတဲ့
နေမင်းကို စူးစူးစိုက်စိုက် ကြည့်တယ်။ နေကို ပဲ ကြည့်တယ်။
တစ်ခြားဘာကိုမှ မကြည့်ဘူး။ အဲဒီနေရောင်ခြည်က နေပြီး၊ သူ
အားအင်တွေပြန်ရပါတယ်။ အဟာရတွေ ရပါတယ်။ အတောင်ပံအသစ်တွေ
ဖြစ်လာတယ်။ အရောင်ပိုတောက်လာတယ်။ ပိုပြီး သန်တဲ့ ခြေသည်း၊
နှုတ်သီး၊ အတောင်တွေ ထွက်လာတယ်။ သူရက်ပေါင်း ၁၅၀ လုံးလုံး
နေမင်းကိုပဲ စိုက်စိုက်ကြည့်ခဲ့ပါတယ်။
အဲဒီ ဘ၀သစ် (အတောင်အသစ်) ဖြစ်လာပြီဆိုရင် အရင်ထက် ၂
ဆ ပါဝါတွေတက်လာတယ်။ ပြီးတော့ နောင်ထက် သက်တန်းပြန်ရတယ်။
အဲဒါကြောင့်ပြောတာပါ မသေမခြင်း အသက်ရှင်တယ်ဆိုတာ။
ကျွန်တော်တို့တွေလည်း ဘ၀မှာ အရမ်းနာကြင်စရာတွေ
ဖြစ်လာရင်လေ တိတ်တိတ်လေးနဲ့ ပဲနေရအောင်။ ဘယ်သူ့ကိုမှ
အပြစ်မတင်ဘဲနဲ့ပေါ့။ ဟေရှာယက ကျမ်းစာဖတ်ပါ၊ ဆုတောင်းပါ လို့
121 vkyfNr J vkyfaewJh tvkyfu kd vkyfNr J vky f ae&if
မပြောဘူး ဘ၀မှာ အရမ်းနာ စရာတွေဖြစ်လာရင် ဘုရားသခင်ကို
မျှော်ကြည့်စေချင်တာပါ။ ဘာမှကို မသေခြာနေစေဦးတော့
ဘုရားသခင်ကိုပဲ မျှော်လင့်ရအောင်။ ယုံကြည်ခြင်းတစ်ခုပဲ
ထားကြရအောင်။ ရွှေလင်းတဟာလည်း နေကိုပဲ နေ့စဉ်ရက်ဆက်
ကြည့်သလို ကျွန်တော်တို့လည်း ဘုရားသခင်ကိုပဲ မျှော်ကြည့်ဖို့ဖြစ်ပါတယ်။
ဘုရားသခင်ကို မျှော်လင့်တဲ့အခါ ဆုတောင်းဖို့ပေါ်လာရင်
ဆုတောင်းကြမယ်လေ။ ဒါမှ ဘုရားနဲ့ စကားပြောတာ။ ဘုရားကို
အရင်မမျှော်လင့်ဘဲနဲ့ ဆုတောင်းတာက တစ်ဖက်သတ် ဖုန်းပြောသလို
ဖြစ်မယ်။ ဥပမာ- ဟယ်လို ငါပြောတာ ငါကြားတယ်၊ ငါပြောတာ
ငါကြားတယ်။ မင်းပြောတာ မင်းကြားလား ဆိုတာမျိုးပေါ့။
ဘုရားသခင်ကို မျှော်လင့်လာတဲ့အခါ ကျမ်းစာအရမ်းဖတ်ချင်တဲ့
စိတ်ကလေးမဖြစ်ရင်တောင် ဖတ်ချင်တဲ့ ဆန္ဒလေးဖြစ်လာရင် စိတ်ပါပါ
မပါပါ နေ့စဉ်ရက်ဆက်ဖတ်ရအောင် ဘုရားသခင်ဖော်ပြလိမ့်မယ်။ ဒါက
ဝိညာဉ်အဆာပဲ။
ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊
အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို
အသစ်ပြုပြင်ကြလိမ့်မည်။
လူဆိုတာအားနည်းတတ်တယ်။ မောတတ်တယ်။
ပင်ပန်းတတ်တယ်။ ဘုရားသခင်က ကျွန်တော်တို့ကို
ခွန်အားအသစ်အသစ်တွေပေးဖို့ ဘယ်တော့မှမမောဘူး။
စာဖတ်သူကို ဘုရားသခင် ခွန်အားအသစ်ပေးပါစေ။ (ဆရာမန်ပီး)
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment
ဖတ်ပြီးရင်အကြံပေးခဲ့ပါနော်....