Pages

Subscribe:

Ads 468x60px

ခရစ်မတ်လက်ဆောင်ပါ။

Photobucket

Thursday, 19 July 2012

ကျမ်းစာကျောင်းပြီးတိုင်းဘုရားမသုံးဘူး..ဘုရားသုံးတိုင်းကျောင်းမပြီးဘူး

၂၀၁၂ သည် မင်္ဂလာပေါင်းခညောင်းသည့်နှစ်ကာလ၊ကောင်းကြီးမင်္ဂလာခံစားရာနှစ်ကာလဖြစ်ပါစေသော် . ဒီကနေ့ကျနော် နှုတ်ကပတ်တော်ကို အစမပြုခင် မေးခွန်းတစ်ခုကိုအရင်ဆုံးမေးချင်တယ် ဘုရားသုံးတဲ့လူတိုင်းမှန်သမျှကျောင်းပြီးတာလားလို့အရင်မေးခြင်တယ်။ လွန်ခဲ့တဲ့ နေ့တနေ့က ကျနော် အမှုတော်ဆောင်တစ်ယောက်နဲ့ဒီအကြောင်းအရာကို ဆွေးနွေးဖြစ်တယ်. အဲတော့ကျနော်ဒီကနေ့ ညီအစ်ကိုမောင်နှမတွေကို ဘာပြောချင်နေတာလည်းဆိုတာကို ဝေဌမှာဖြစ်တယ်. အရင်ဆုံး ဟေရှာယ ၆း ၈ ကိုအရင်ဆုံးအတူတကွဖတ်ရအောင် -တဖန်ထဝရဘုရားက၊ငါသည်အဘယ်သူကို စေလွတ်ရမည်နည်း။ငါတို့အဘို့အဘယ်သူသွားမည်နည်း ဒီအကြောင်အရာနဲ့ပတ်သတ်ပြီးဒီကနေ့ယုံကြည်သူတော်တော်များများက ဟာငါကကျမ်စာကျောင်းလည်းမပြီး ဘူးဆိုပြီးတော့တော်တော်များများကနင်းကန်ခွအော်နေကြတယ်.တကယ်တော့ဒီအရာကမှန်မလိုနဲ့မှားနေတယ် ကျနော်တို့အနေနဲ့တစ်ခုလောက်ဆင်းစဉ်းစားကြည့်ရအောင် ဘုရားကပညာတတ်တွေကိုဘဲဘုရားသုံးတာလား။ ဘုရားကဒီကနေ့လူတိုင်းကိုသုံးချင်တယ်မိတ်ဆွေ. သင်အသုံးခံဖို့ဘဲလိုတယ်။ အဲတော့ ကျမ်းပိုဒ်တစ်ပိုဒ်ကို ပြန်လေ့လာဆင်ခြင်နှလုံးသွင်းရအောင် ၁ကော ၁း ၂၆ - ၂၇ ကို ဖတ်ရအောင် အဲဒီမှာ ဘုရားက ကျမ်းစာကျောင်းပြီ ၊ ပညာတတ်တွေကိုဘဲဘုရားကသုံးတာလား ကျမ်းစာကပြောတဲ့အခါမှာ ပညာတတ်များမပါလိုပြောနေတယ် ။အဲဒီတော့သင်က ကျောင်းမပြီးလို့အမှုတော်မဆောင်ဘူးလို့သင် ဖင်မသိအမှီိး အသိနင်းကန်ခွအော်အုံးမှာလား။ သင်ကို အဖွဲ့အစည်းတွေ၊ ဂိုဏ်ဂဏတွေကသင့်ကို ဘယ်လိုပဲပြောပြောသင်မကြောက်ပါနဲ့. ကျနော်ထင်တာလေ …..တကယ်လို့များယေရှုလာရင်တောင်မင်းကျမ်းစာကျောင်းပြီးလားလိုဆိုပြီး မေးမယ့်သလောရှိတယ်။ ကျောင်းပြီးတိုင်းလည်း၊ဘုရားမသုံးဘူး၊ ဘုရားသုံးတဲလူတိုင်းကလည်းကျောင်းမပြီးဘူး။ ချစ်ခင်လေးစားအပ်သောညီကိုမောင်နှမအပေါင်းတို့ သင် ဘုရားကို အသုံးခံဖို့ရန် သင့်ကို ကျနော်နှုတ်ကပတ်အားဖြင့်ခွန်အားပေးခြင်တယ် ။ တကယ်လို့သင့်အသုံးခံရင် ဆိုရင် ဘုရားက သင့်ကို ချီးမြှောက်မှာဖြစ်တယ် . ယေရမိ ၁း ၁၀ မှာ ပြောတဲ့အခါမှာ သင့်ကိုလူအမျိုးမျိုးတို့၏တိုင်းနိုင်ငံများအပေါ်မှာယနေ့ ငါခန့်ထားပြီ ဟုမိန့်တော်မူ၏. မိတ်ဆွေသင့်အသုံးခံဖို့ရန်အတွက်ဘုရားသင့်ကို မျှော်လင့်နေတယ် ။ အဲချိန်မှာ အဖဘုရား ကျနော်ကိုအသုံးပြုတော်မူပါလို့ပြောအောင်မိတ်ဆွေ ……….. ချစ်ခြင်းမေတ္တာအားဖြင့်

0 comments:

Post a Comment

ဖတ်ပြီးရင်အကြံပေးခဲ့ပါနော်....